ဖေဖော်ဝါရီ ၁၄ မှတ်တမ်း
ပြီးဆုံးခဲ့ပြီပဲ ဝေးသွားတဲ့မျဉ်ပြိုင်နှစ်ကြောင်းအတွက်
ဆုံးမှတ်ကိုစောင့်နေရင် ကြာရင်မောသွားမှာချစ်သူ
အဆုံးသတ်လို့ မရတဲ့ဇာတ်ကြောင်း
မေ့မရတဲ့အိပ်မက်များ လမ်းခွဲသွားတဲ့အချိန်တွေဟာ
ငါတို့ နှစ်ယောက်အတွက်အမှတ်တရတွေပါ
ကြည်နုးမှုများနဲ့     နှင်းအငွေ့ အသက်တွေပါတဲ့လေပြေအောက်မှာ
အေးစက်တဲ့ခြေလှမ်းများနဲ့ ငါတို့ နှစ်ယောက်အပြီးပိုင်တစ်နေရာစီထွက်ခွါခဲ့
ရင်မှာဒဏ်ရာဒဏ်ချက်ကိုယ်စီနဲ့ ဆို့ အက်ကြေကွဲမှုနှင့်အတူဘ၀ဟာ
လေနှင့်အတူမျောပါးသွားခဲ့တာပေါ့ချစ်သူ။
နှစ်ဟောင်းကုန်လို့ နှစ်သက်ကူးတဲ့အချိန်
ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေ
ဝေတဲ့အချိန် စိတ်အစဉ်ဟာ
အရိပ်လိုပဲခွဲခွာထွက်ခဲ့တဲ့ဖေဖော်ဝါရီ
R Zarni and Mie Mie Khae - Nyoa Taw Pinlel Swell Ngin Taw Lamin.mp3
နွေအကူး လေပြေလူးလို့ 
ပြောင်းရွှေ့ နေကျတဲ့ ဘ၀သမားတွေ
ကုန်လိုက်တဲ့ပိုက်ဆံတွေ
မျော်လင့်ချက်ကိုယ်စီနဲ့ လျှောက်လှမ်းနေရတဲ့ဘ၀တွေ
တချိန်ချိန်မှာ တည်ငြိမ်သောဘ၀ပိုင်ရှင်တွေ
ဖြစ်ကြပါစေ။
 နေရာ
သြော် အလုပ်ကိုင်လည်းရှားပါဘိ
လွမ်းရေးထက် ၀မ်းရေးက ခက်ခဲလှဧ။်
သမုဒ္ဒရာ ၀မ်းတထွာ
တစ်ထွာလောက်ရှိတဲ့ ၀မ်း
ရှာလိုက်ရတာမောလှပါဘိ
ရှားပါလှတဲ့အလုပ်တစ်နေရာ
သွားလာလုပ်ရှား အို - -ခရီးများ
တင်လိုက်တဲ့အကြွေးတွေ
တစ်နှစ်ကုန်လို့ ကျေချင်စမ်းပါဘိ
သြော်နေရာ- - -
ချိုမြိန်သောကော်ဖီ
မနက်မိုးလင်း
ကော်ဖီတစ်ခွက် ကိုင်ကာစွဲလို
လျပ်တပြက် အတွေးတချက်
အာရုံကိုလုပ်ခတ်နိးလို့ သွား
ငါလုပ်နေတာ ကွန်ပျူတာသမား
ငါပိုင်ဆိုင်တာ ဆော့ဝ်တွေပဲ့
ငါပိုင်သာပိုင်ဧ။် ငါဆုပ်ကိုင်မပြနိင်
တနှစ်တပိုး ထည့်ကာသွားလည်း
နောင်တစ်နှစ်အတွက် အသစ်က
ထွက်နေဆဲပဲ ။
ထို့ အတူ ချမ်းသာခြင်း ကြွယ်ဝခြင်း
တို့ ကို မင်းအကောင်ထည်ဖော်ပြနိင်သော်လည်း
မင်းရဲ့ လောဘကိုမင်းအကောင်ထည်မဖော်ပြနိင်ပါ
ရလေ လိုလေပါပဲ အိုလောဘ ။
မင်းအိုမင်းသော် မင်းပိုင်ဆိုင်မှုတွေကို မင်းလက်ညိုးညွှန်သော်
မင်းပိုင်ဆိုင်မှုသည် မင်းနဲ့ အတူလိုက်မနိင်ပါ။
ထိုအခါအသိတရား ရင်ဝယ်ထား
မင်းပိုင်ဆိုင်မှုသည် နောက်လူအတွက်သာတည်း ။
မင်းနောက်ကိုလိုက်ပါမှာက
မင်းပြုခဲ့တဲ့ အကုသိုလ် နှင့် ကုသိုလ်တရား ။
                   ညင်သာတဲ့ခြေလှမ်းတစ်စုံ
ညတရေးနိုး အိပ်မက်ဆိုးများဝိုးတ၀ါးရဲ့ လရောင်အောက်
ကယောင်ချောက်ချားခြေလှမ်းများ ခန့် မှန်းခက်တဲ့အတွေးပုံရိပ်တွေ
ခက်ခဲတဲ့ဘ၀ခရီးအတွက် မှန်းဆလို့ မျော်ကာကြည့်ကာ
အရိပ်သာထင်တဲ့အရာလေးတစ်ခု ရီဝေစွာနဲ့ တဖြည်းဖြည်းပျောက်ကွယ်
အယွင်းယွင်းမှားမှား ခြေလှမ်းတွေနဲ့ တည်ငြိမ်တဲ့ခြေလှမ်းလှမ်းနိုင်ဖို့ 
ညင်သာတဲ့ခြေလှမ်းတစ်စုံကိုကြိုးစားလျှောက်လှမ်းနိုင်ပါစေ- - --
 ရှက်ပြုံး
အမှတ်တမဲ့အခိုက်အခိုက်တန့်  လေပြည်ဝေ့တချက်
သင်းပျံတဲ့ရနံနဲ့ အတူကိုယ်ရင်ကိုလာရိုက်ခတ်
ကြည်လင်တဲ့မျက်ဝန်းတစုံ ပါးလွာတဲ့နှုတ်ခမ်းတစုံ
လေးကိုင်းပုံစံလေး ကွေးညွတ်လို့ 
မထင်မှတ်တဲ့မြင်ကွင်းလေး မခို့ တရို့ အပြုံလေးက
ရှက်ပြုံးလေးသဖွယ် သြော်ရှက်ပြုံးလေးရယ်
                                  အချိန်
တူနှစ်ကိုယ်ဆုံနှိင်ဖို့ 
အတူတူတွေ့ ဖို့ ရာအချိန်လေး လိုအပ်တယ်
အတူတူလွမ်းမောဖို့ ဆို
ကြေကွဲစရာကောင်းသောအချိန်ရှိဖို့ လိုတယ်
ဘ၀မှာတိုးတက်အောင်မြင်ဖို့ ဆို
မိမိကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ အချိန်လိုအပ်တယ်
ဘ၀မှာကျရှုံးဖို့ ဆို
ကြိုးစားရမည့်အချိန်တွေကိုဖြုန်းတီးဖို့ အချိန်လိုအပ်တယ်
ထိုအတူအချိန်ဆိုတဲ့စကားဟာလည်း
အချိန်ဆိုတဲ့စာလုံးရေးနိုင်ဖို့ အချိန်ရှိမှရမယ်
အချိန်ဆိုတဲ့ရာသီဟာလည်း
လည်ပတ်နိုင်တဲ့အချိန်ရှိဖို့ လိုအပ်တယ်
သြော်- - - ကုန်ဆုံးသွားတဲ့အချိန်
                          သုည
ဘာအကြောင်းပြချက်မှ မရှိပဲ
ငါဒီစာသားတွေကို ရေးနေမိတယ်
ဘာမျော်လင့်ချက်မှ မရှိပဲ
ဒီစာကြေင်းကိုရေးနေမိတယ်
ဘာအတွက်မှမဟုတ်ပဲ
ငါခံစားနေမိတယ်
ဘယ်သူအတွက်မဟုတ်ပဲ
ငါကိုယ်ငါရေးနေမိတယ်
ဘာအတွက်နဲ့ မဟုတ်ပဲ
ရေးထားတဲ့အရာကိုနားမလည်နိင်ခဲ့တယ်
ဘာတွက်နဲ့ မဟုတ်တဲ
သုညဟာလည်း
သူဘာသာသူရှိနေတယ်
ဘာအတွက်ကြောင့်သုညဟာ
ကိန်းဂဏန်းတစ်ခုရဲ့ နောက်ကိုရောက်သွားရင်
သူဟာဘာကြောင့်တန်းဖိုးကြီးသွားရတာလည်း
This free website was made using Yola.
No HTML skills required. Build your website in minutes.
Go to www.yola.com and sign up today!
Make a free website with Yola